သတို့သမီး ရှားပါးလာ၍ အာရှ အမျိုးသား အများစု နိုင်ငံခြားသူနှင့် လက်ထပ်ရန် တွန်းအားပေးခံရ

အမျိုးသား အရေအတွက် တဖြည်းဖြည်း များပြားလာသည့် အာရှနိုင်ငံများဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်တို့ တွင် နေထိုင်သော အာရှ အမျိုးသား အများစုသည် ၎င်းတို့၏ မိခင်နိုင်ငံများတွင် လက်ထပ်ရန် အမျိုးသမီး ဦးရေ ရှားပါးလာသောကြောင့် နိုင်ငံခြားသူများနှင့် လက်ထပ်ရန် တွန်းအား ပေးခံရကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။

ဤဖြစ်ရပ်သည် လွန်ခဲ့သော ၁၀စုနှစ် အလွန်ကပင် အဆိုပါ အာရှနိုင်ငံများသို့ နိုင်ငံခြားသူ အမျိုးသမီးများ ပြောင်းရွှေ့နေ့ထိုင်ရာ လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ကြောင်း University of Western Ontario (အွန်တေရီအို အနောက်တိုင်း တက္ကသိုလ်) မှ သုတေသီ Daniele Belanger ၏ လေ့လာမှုတွင် ဖော်ပြထားသည်။

၂၀၀၉ ခုနှစ်၌ တိုင်ဝမ်တွင် ဇနီးသည်များ၏ ၁၅ ရာခိုင်နှုန်းမှာ နိုင်ငံခြားသူများ ဖြစ်ကြပြီး တောင်ကိုရီးယား နိုင်ငံတွင် ၈ ရာခိုင်နှုန်းမှာ နိုင်ငံခြားသူများ ဖြစ်ကြသည်။ ဤဖြစ်ရပ်မျိုးသည် ဂျပန်နိုင်ငံတွင် ၁၉၈ဝ ခုနှစ်ကပင် စောလျင်စွာ စတင် ဖြစ်ပေါ်ခဲ့သော်လည်း ဂျပန်နိုင်ငံ၏ နိုင်ငံခြားသူ ဇနီးသည် အရေအတွက်မှာ အလယ်အလတ် ဖြစ်သော ၅ ရာခိုင်းနှုန်းမှ ၆ ရာခိုင်နှုန်း အထိသာ ရှိသေးသည်။

သို့သော် အဆိုပါ နိုင်ငံ ၃ ခုစလုံးတွင် ယာယီ လာရောက်၍ အလုပ်လုပ်ကိုင်ကြသော သူများ အပြင် နိုင်ငံခြားသူ သတို့သမီးများသည် အသစ်ရွှေ့ပြောင်း အခြေချ နေထိုင်သူများထဲတွင် အရေအတွက် အများဆုံး အုပ်စု ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ထိုဒေသများရှိ အမျိုးသားများ အနေဖြင့် မိမိတို့ မွေးရပ်မြေတွင် လက်ထပ်ရန် အမျိုးသမီး ရှားပါးလာသောကြောင့် ပြည်ပတွင် သတို့သမီး ရှာယူရခြင်း ဖြစ်သည်ဟု လေ့လာသူ Belanger က France’s National Institute for Demographic Studies (INED) ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။

အမျိုးသမီးများ၏ ပညာရေး အဆင့်အတန်း မြင့်မားလာသည်နှင့် အမျှ ၎င်းတို့သည် အလုပ်အကိုင် နေရာကောင်းများ ပိုမိုရရှိလာကြသည်။ ထိုကဲ့သို့ အမျိုးသမီးများသည် လူမှုအသိုင်းအဝိုင်းတွင် ရိုးရာဓလေ့ ထုံးတမ်းများဖြင့် ကန့်သတ်ချည်နှောင်ခံရသော ဇနီးမယားတစ်ယောက်၏ အနေအထားမျိုးဖြင့် မနေလိုကြဘဲ မိမိတို့၏ အလုပ်အကို ရာထူး နေရာကိုသာ ပိုမိုတိုးတက်အောင် ကြိုးပမ်းရင်း တစ်ကိုယ်တည်း သမားအဖြစ် နေထိုင်ရသည်ကိုသာ ပိုမိုနှစ်သက်ကြသည်။

သို့သော် အမျိုးသားများ အတွက်မူ ဓလေ့ထုံးတမ်း အစဉ်အလာများ အရ မျိုးဆက်အား ဆက်လက် ထိမ်းသိမ်းရန် အတွက် တာဝန်ယူရသောကြောင့် အနည်းဆုံး သားတစ်ဦး မွေးဖွားပြီး မိဘဘဝသို့ ခံယူနိုင်ရန် ကြိုးပမ်းကြရသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် လူပျိုကြီးများအဖြစ် နေရန် မဖြစ်နိုင်ကြောင်း Belanger က ရေးသားခဲ့သည်။

http://patheincity.com/news//HLIC/c1c835c5d7d5388b46f6a8c25b10bd1a.jpg

ပြည်ပမှ ခေါ်ယူ လက်ထပ်ကြသော သတို့သမီး အများစုမှ တရုတ်နိုင်ငံ နှင့် ဗီယမ်နမ် နိုင်ငံတို့မှ ဖြစ်ပြီး ဤကဲ့သို့ လက်ထပ်မှုမျိုးကို ယခင်က ကျေးလက်နေ ပြည်သူများတွင် အများဆုံး တွေ့ရသော်လည်း ယခုအခါ လူလတ်တန်းစားများ ဆီသို့ပါ ကူးဆက်ပျံ့နှံ့လာခြင်း ဖြစ်သည်။ သတို့သား သတို့သမီး ရှာဖွေရေး အေဂျင်စီများကပင် ယခုအခါ သတို့သား မိသားစုထံမှ ဝန်ဆောင်ခ ယူရို ၅၀၀၀ မှ ၁၀၀၀၀ ကြား ရယူပြီး  ပြည်ပ သတို့သမီး ရှာဖွေရေးကို လုပ်ဆောင်လာကြသည်။ အချို့သော လေ့လာသူများက နိုင်ငံခြားသူ သတို့သမီး အချို့သည် တရားမဝင် လူကုန်ကူးခြင်း၏ သားကောင်များ ဖြစ်လာသည်ကို စိုးရိမ်ရကြောင်း ဖော်ပြခဲ့ကြသည်။

သို့သော် Belanger ၏ မှတ်တမ်းတွင်မူ နိုင်ငံခြားသားကို လက်ထပ်ပြီး နိုင်ငံခြား တိုင်းပြည်များတွင် ရွှေ့ပြောင်း အခြေချ နေထိုင်ကြသော အမျိုးသမီး အများစုမှာ ၎င်းတို့၏ သဘော ဆန္ဒအရသာ ဆုံးဖြတ်ကြခြင်း ဖြစ်ပြီး မိဘများ၏ ဖိအားပေးမှု မပါဝင်ကြောင်း ဖော်ပြထားသည်။ ထို သတို့သမီးတို့၏ ရည်မှန်းချက်မှာ လက်ထပ်ရန်နှင့် ပြည်ပတွင် အခြေချနေထိုင်ရန် နှစ်ခုစလုံးဖြစ်သည်ဟု သိရသည်။

PatheinCity News | Source:ChannelNewsAsia

Share and Enjoy:
  • Print
  • email
  • RSS
  • Add to favorites
  • PDF
  • Facebook
  • Twitter
  • MySpace
  • Google Bookmarks
  • Yahoo! Buzz
  • Yahoo! Bookmarks
  • Live
  • del.icio.us
  • MSN Reporter
  • Blogplay

Related Posts

This entry was posted on Monday, September 27th, 2010 at 10:16 am and is filed under လူမှုရေး. You can follow any responses to this entry through the RSS 2.0 feed. Responses are currently closed, but you can trackback from your own site.