ထေရမ်-August 25, 2010
အီရန်နိုင်ငံသည် ယခင်က ထုတ်လုပ်ခဲ့သော ပြည်တွင်းဖြစ် Fateh (conqueror) missile ၏ မျိုးဆက်သစ် မြေပြင်ပစ် ဒုံးကျဉ်သစ် တစ်မျိုးကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ပြီဟု သြဂုတ်လ ၂၅ ရက်နေ့က အီရန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး အာမက် တဟီဒီ က ပြောကြားကြောင်း ဒေသတွင်း ရုပ်/သံ သတင်းများက ဖော်ပြခဲ့ကြသည်။
အဆိုပါ မျိုးဆက်သည် ဒုံးကျဉ်သည် ကို Fateh-110 ဟုခေါ်ဆိုပြီး ခရီးလတ် ၂၅၀ ကီလိုမီတာ အထိ ပစ်လွှတ်နိုင်ကာ ပစ်မှတ်ကို ပိုမိုတိကျစွာ ဖြိုခွင်းနိုင်ကြောင်း ၊ ၎င်းဒုံးကျဉ်ကို အီရန် အင်ဂျင်နီယာများနှင့် ကျွမ်းကျင် ပညာရှင်များက တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီး အာမက် တဟီဒီ က ပြောကြားခဲ့သည်။

Fateh-110 ဒုံးကျဉ်သည် ၉ မီတာ (၂၉ ပေ) ရှည်လျားကာ အလေးချိန် ၃၅၀၀ ကီလိုဂရမ် (၇၇၀၀ ပေါင်) ရှိပြီး ပစ်လွှတ်ချိန် မြန်ဆန်ကြောင်း သိရသည်။ အီရန်နိုင်ငံ၏ သတင်းဌာန IRNA news agency ၏ ပြောကြားချက်အရ Fateh-110 ကို single-stage solid-propellant လောင်စာတောင့်ကို အသုံးပြုထားပြီး မြေပြင်မှ မြေပြင်သို့ ပစ်လွှတ်နိုင်သည့် ဒုံးကျဉ်ဖြစ်ကာ ယခင်အကွာအဝေး ၂၀၀ ကီလိုမီတာမှ ၂၅၀ ကီလိုမီတာအထိ ရရှိနိုင်အောင် အဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံက ၎င်း၏ စစ်ရေး စွမ်းဆောင်ရည်များ မြှင့်တင်ခြင်းသည် နိုင်ငံ ကာကွယ်ရေးနှင့် ငြိမ်ချမ်းရေးကိုသာ ဦးတည်ခဲ့ခြင်း ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုခဲ့သည်။
PatheinCity News | Source:Xinhua


















မြန်မာပြည်ကေ၇ာ်ဘယ်တော့လွှတ်မလဲသိဝူးနော်
စောင့်ရအုန်းမှာပေါ့လေ
Like or Dislike:
2
0
သီတင်းကျွတ်ကျရင်မီးပုံးပျံတွေလွှတ်မှာ…..အိတ်ကျွတ်နဲ့
လုပ်ထားတာ….အဟဲ…နောက်တာပါတစ်နေ့တော့ဖြစ်မှာ
ပေါ့လေ……
Like or Dislike:
0
1
မနောက်ရ၀ူးနော်..။
မကြောက်ဘူးလား..။ဟီး..
Like or Dislike:
0
0