ကလက္ကတား – August 26, 2010
အိန္ဒိယနိုင်ငံတွင် ချို့ငဲ့ဆင်းရဲသူများအား ကူညီစောင့်ရှောက်သည့် လူမှုရေး အကျိုးပြု လုပ်ငန်းများစွာ ဆောင်ရွက်ခဲ့သော ဂရုဏာရှင် မာသာ ထရီဇာ၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် မွေးနေ့ကို ကလက္ကတားမြို့တော်ရှိ မာသာထရီဇာ၏ သင်္ချိုင်းဂူတွင် သြဂုတ်လ ၂၆ရက်နေ့က ကျင်းပခဲ့ကြသည်။



ကလက္ကတားမြို့နှင့် အိန္ဒိယ တစ်နိုင်ငံလုံးရှိ ချို့ငဲ့ဆင်းရဲသူများအား ကူညီစောင့်ရှောက်သည့် ဂရုဏာရှင် မာသာ ထရီဇာသည် သူမ၏ ဘဝတစ်လျောက် ဆောင်ရွက်ခဲ့သော လူမူအကျိုးပြု လုပ်ငန်းများကြောင့် နိုဘယ်ဆုကို ထိုက်တန်စွာ ဂုဏ်ပြု ချီးမြှင့်ခံခဲ့ရသာ နိုဘယ်ဆုရှင် တစ်ဦးလည်းဖြစ်သည်။

ကလက္ကတားမြို့တွင် အခြေစိုက်သော ချို့ငဲ့သူများကို ကူညီရေး သာသနပြုအဖွဲ့(Missionaries of charity) ၏ တည်ထောင်သူ ဂရုဏာရှင် မာသာ ထရီဇာသည် ၁၉၉၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
PatheinCity News | Source:Xinhua

















