ရင်ထဲက နေရာလေး တစ်ခု
ရင်ထဲက နေရာလေး တစ်ခု
ကမ္ဘာလောကကြီးတွင် အထင်လွဲမှားမှုများဖြင့် အများဆုံး ပတ်သက်နေရသူများမှာ မည်သူများ ဖြစ်ကြပါသနည်း။
နားလည်လွဲမှားမှုများနှင့် အများဆုံး ရင်ဆိုင်နေရသူများမှာ မည်သူများ ဖြစ်ကြပါသနည်း။
အနာကျင်ဆုံးစကားများ ပြောဆိုကာ မကြာခဏရန်ဖြစ်နေရခြင်းကို ကြုံတွေ့နေရသူများမှာ မည်သူများဖြစ်ကြပါသနည်း။
တစ်ယောက်နှင့် တစ်ယောက် မယုံကြည်ဆုံးသူများမှာ မည်သူများဖြစ်ကြပါသနည်း။
တစ်ယောက်နှင့် တစ်ယောက် အချစ်ဆုံးသူများမှာ မည်သူများ ဖြစ်ကြပါသနည်း။ တစ်ယောက်နှင့် တစ်ယောက် ဂရုအစိုက်ဆုံးသူများမှာ မည်သူမျာ ဖြစ်ကြပါသနည်း။
တစ်ယောက်နှင့် တစ်ယောက် စိုးရိမ်ပူပန်မှု အများဆုံးသူများမှာ မည်သူများ ဖြစ်ကြပါသနည်း။
တစ်ယောက်နှင့် တစ်ယောက်ကြားတွင် ဒေါသ၊ မောဟ၊ အာဃာတ၊ အတ္တနှင့် မာန အများဆုံးထားနေကြ သူများမှာ မည်သူတွေများ ဖြစ်ကြပါသနည်း။
အထက်ပါ မေးခွန်းပေါင်းများစွာဖြင့် ချာချာလည်နေသည့် ကျွန်မတစ်ယောက် စဉ်းစားမိသော ဖြစ်စဉ်များအပြင် ကိုယ်တွေ့ကြုံသည့် အဖြစ်အပျက်များ စုပေါင်း၍ ရလာသော အဖြေကို ကျွန်မကိုယ်ကျွန်မ မယုံကြည်နိုင်စွာပင် ခေါင်းယမ်းစွာ သက်ပြင်းအခါခါ ချမိသည်အထိကို အံ့သြမိနေခဲ့ပါသည်။ …. စဉ်းစားကြည့်ကြပါ အထက်ပါ မေးခွန်းများစွာ၏ တစ်ခုတည်းသော အဖြေမှာ “မိဘ ညီအစ်ကို မောင်နှမ မိသားစုဝင်များ” ဆိုသည်မှာ ဖြစ်သင့်ပါသလား။
XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDX
လွင်မာသူ
ဘစ်ကားဂိတ်ကို လှမ်းနေတဲ့ လွင်မာ့ခြေလှမ်းတွေကို ခြေလျှင်သာလျှောက်ပြန်ဖို့ရာ နောက်ကြောင်း ပြန်လှည့်စေတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ဟာ ဘတ်စ်စကားစီးပြီး အိမ်ပြန်တဲ့ ကားခ ငါးရာဟာ တစ်အိမ်သားလုံးရဲ့ နံနက်စောစောစာ ဖြစ်စေနိုင်တာကြောင့် တစ်နေကုန်အလုပ်လုပ်ပြီး ခြေလှမ်းမလှမ်းချင်တော့အောင် ပင်ပန်းနေပါစေ၊ အိမ်ပြန်ချိန် မည်မျှပင် နောက်ကျနေပါစေ၊ ခြေလျှင်သာ လမ်းလျှောက် ပြန်ဖြစ်နေတဲ့ ရက်တွေက တစ်လမှာ ရက်၃၀လုံးလုံးပါပဲ။
အပြည့်အစုံ ဆက်ဖတ်ရန်»



















