အချစ်ရေး၌ စိတ်မချမ်းသာဘဲ ရှုံးနိမ့်ရသော အခါ အမျိုးသား များသည် အမျိုးသမီး များထက် ပိုမို နာကျင် ခံစားရလေ့ရှိသည်ဟု လေ့လာမှု တစ်ရပ်အရ သိရကြောင်း ဇွန်လထုတ် ကျန်းမာရေးနှင့် လူမှုရေး ဂျာနယ်တွင် ဖော်ပြထားသည်။
ကယ်လီဖိုးနီးယား မြောက်ပိုင်း Wake Forest တက္ကသိုလ်မှ ပါမောက္ခ Robin Simon က အဆိုပါ သုတေသနလုပ်ငန်းကို ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၃ နှစ်အတွင်းရှိ လက်မထပ်ရသေးသော အမျိုးသား နှင့် အမျိုးသမီး ၁၀၀၀ ကျော်ကို လေ့လာခဲ့ကြောင်း FOX သတင်းဌာနက ဖော်ပြခဲ့သည်။
လေ့လာမှုမှ ရရှိလာသော အချက်အလက်များကို နှိုင်းယှဉ်ချက်အရ အချစ်ရေးတွင် လမ်းခွဲ အဆုံးသတ်သောအခါ အမျိုးသားများသည် အမျိုးသမီးများထက် ပိုမို စိတ်ထိခိုက် ခံစားရကြောင်း သိရသည်။
ထိုအချက်က အမျိုးသားများသည် အမျိုးသမီးများထက် ပျော်ရွင်ဖွယ် ကောင်းသော အချစ်ရေးတွင် ပိုမို စိတ်တက်ကြွ ပျော်ရွင်ကြပြီး စိတ်မချမ်းသာစရာ အခြေအနေမျိုးတွင်လည်း ပိုမိုကြီးမားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရသည်ကို ဖော်ပြလျက်ရှိသည်။ လူငယ်များအနေဖြင့် အဆင်မပြေသော အချစ်ရေးတွင် မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးသည်အထိ ခံစားရလေ့ရှိကြောင်း ပါမောက္ခ Robin Simon က ပြောပါသည်။
ဤသုတေသနမှ ထွက်ပေါ်လာသော အံ့အားသင့်ဖွယ် အဖြေမှာ လူငယ် အမျိုးသား တစ်ဦးအတွက် ဘဝတွင် အကြီးမားဆုံး ပတ်သက်ရင်းနှီးသူမှာ သူ၏ ချစ်သူဖြစ်ပြီး အမျိုးသမီးများ အတွက်မှု သူတို့၏ အရင်းနှီးဆုံးသူမှာ ချစ်သူထက်စာလျင် သူငယ်ချင်း သို့မဟုတ် မိဘ ဖြစ်သည်ဟု သိရသည်။
PatheinCity News | Source:CNTV


















အင်း
ဘယ်လိုပြော၇မလဲချစ်ဖူးရင်တော့လွမ်းဖူးတာမစမ်းပါဘူး
လေ
Like or Dislike:
3
0
အေးကွား မင်းတို.တွေ ခံစားရတာကို ငါလည်း တစ်ချိန်တုန်းက ကိုယ်ချင်း စာပါတယ်…….ခုတော့ မလို.တော့ဘူး………………အဲဒါကို ဖြေရှင်းနဲ. ပြသနာတစ်နည်းကတော့ အတွေ.အကြုံ များများယူပြီး ရည်းစားဘားဝလာဖို. လို.မယ်လို. တင်ပြချင်ပါတယ်……..ဟိဟိ
Like or Dislike:
2
2
ဒါဆို ကိုရဲလေးက ရည်းစားပါးဝ ပြီးသွားပြီဆိုပါတော့ ဘယ်နှစ်ယောက်မြောက် ကျမှ ရည်းစားပါးဝလာတာလဲ လုပ်ပါအုံးဗျ။ အစ်ကိုဆီက နေပြန်သင်ချင်လို့ပါ။
Like or Dislike:
3
0
ချစ်ဖူးတဲ့လူတိုင်း လွမ်းဖူးတာပါ…
Well-loved. Like or Dislike:
5
0
ကို ဂျစ်တူးရေ လူတစ်ဦး တစ်ယောက်တိုင်း မှာ မတူညီတဲ့ အတွေ.အကြုံနဲ. ရင့်ကျက်မှုတွေ ရှိနေတက်ကျ တယ်ဗျ…..ကိုဂျစ်တူး လည်း အတွေ.ကြုံရသွားမှာပါ……… အဓိကကတော့ မပျော့ညံ့ ဖို.ပါပဲ…………
Well-loved. Like or Dislike:
4
0
ယောက်ျားတွေက ပိုထိခိုက်ခံစားရတယ်ဆိုတာ ဟုတ်ရင်လည်း ဟုတ်မယ်.. ဟုတ်ချင်မှလည်း ဟုတ်မယ်
သေချာတာကတော့ မိန်းမတစ်ယောက်အတွက် တစ်ဘဝလုံးနှစ်ပြီး ခံစားသွားဖို့ဆိုတာ မလွယ်ဘူးထင်တယ်။ နောက်တစ်ယောက် မတွေ့ခင်အထိတော့ ခံစားနေမှာပေါ့။
သူတို့က ဖြစ်လွယ်ပျက်လွယ်လေ..။
မိန်းကလေးတွေသာ တစ်ဘဝလုံး ရင်ထဲမှာ နှစ်ပြီးခံစားသွားရတာ..။ သူတို့လိုလည်းပေါက်ကွဲပြလို့မှ မရဘူး.။ ပေါက်ကွဲ ခံစားပြလို့လည်း မသင့်တော်ဘူးလေ။ ပြီးတော့ အချစ်ရေးမှာ ဆုံးဖြတ်ချက်ဆိုတာ သူတို့လောက် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်တွေ မရကြဘူး။
တစ်ကယ်တမ်းကျတော့ မိန်းမတစ်ယောက်ရဲ့ နှလုံးသားဆိုတာ လျို့ဝှက်ချက်တွေနဲ့ ပြည့်နှုက်နေတဲ့ ပြတိုက်တစ်ခုလိုပါပဲ။
Well-loved. Like or Dislike:
15
2
အမျိုးသား တစ်ဦးအတွက် ဘဝတွင် အကြီးမားဆုံး ပတ်သက်ရင်းနှီးသူမှာ သူ၏ ချစ်သူဖြစ်ပြီး အမျိုးသမီးများ အတွက်မှု သူတို့၏ အရင်းနှီးဆုံးသူမှာ ချစ်သူထက်စာလျင် သူငယ်ချင်း သို့မဟုတ် မိဘ ဖြစ်သည်။
ကျွန်တော်ကတော့ ဒီစာသားလေးကို ကြိုက်တယ်။
အဟုတ် ကျွန်တော်လည်း အဲလိုခံစားရတယ်..။
ကောင်မလေးကကျတော့ သူ့သူငယ်ချင်းတွေစကားကို ကျွန်တော့်စကားထက် ပိုနားနေဝင်တယ်။
Well-loved. Like or Dislike:
5
1
ဒီအကြောင်းတွေကိုပြောပြရမယ်ဆိုရင်တော့
ခံစားရတာပဲသိလိုက်တယ် ပြန်မပြောတတ်တာ
ဆိုးနေတယ် ခံရတဲ့သူကပဲ သိလိုက်ပါတယ်ဗျာ
ဘယ်သူ့ကြောင့်ဘယ်လိုဆိုတာ ကိုဘယ်လိုမှအပြစ်မပြောလိုပါဘူး ဟုတ်တယ်မလားလူကြီးမင်းတို့ရယ်
ဒီတော့မေးနဲ့ပြောဘူး ခံရတာတော့ ပြောပြရင်ပို
တယ်ထင်မယ် သေတောင်သေချင်တယ် စိတ်မခိုင်တဲ့ယောက်ကျားလို့တောင်ပြောကြဦးမယ်ပြောပြလိုက်ရင် ဘာပဲဖြစ်ဖြစ်ဘယ်လိုပဲထင်ထင်
အနော်က တော့ရန်ကုန်ကိုရောက်ရော စာမေးပွဲတောင်ဖြေဖြစ်လိုလိုက်ဘူး ဒါလေးပဲပြောပြမယ်
Like or Dislike:
2
1
male female မှမဟုတ်ပါဘူး….လူသားတိုင်းကြုံတွေ့ခံစားရသလောက်
ဝမ်းသာ ၀မ်းနည်းရှိကြစမြဲမို့……အသိလေးရှိပြီး…ဒါမရှိလို့….
ဒါမရလို့ငါ့ဘ၀ဘာမှမဖြစ်ဘူးဆိုတာလေးကိုသိထားရင်…..
တော်ပါပြီနော်……ကျေးဇူးပါ……
Well-loved. Like or Dislike:
5
0
တစ်ကယ်ချစ်ရင် မိန်းကလေး ဖြစ်ဖြစ် ယောကျာ်းလေး ဖြစ်ဖြစ် ပိုခံစားရတယ်လို့ထင်ပါတယ်.. ဘ၀နဲ့ ရင်းပြီး ချစ်ရင်ပေါ့
Well-loved. Like or Dislike:
9
0
ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် ပိုချစ်တဲ့လူက ပိုပြီး ခံစားရတာပါပဲ။
Well-loved. Like or Dislike:
6
0
ယောက်ျားလေးရော…မိန်းကလေးရော…အသည်းနှလုံးပါတာပဲ…အဲလိုတော့ပုံသေဘယ်ပြောလို့ရမလဲနော်.. ပိုချစ်တဲ့သူကပိုခံစားရတယ်လို့ရေးထားတဲ့ပို့စ်ကိုထောက်ခံပါတယ်…..
Like or Dislike:
3
0
ယောက်ျားလေးရော…မိန်းကလေးရော
တကယ်ချစ်မိရင်တော့…
.ီပိုပြီး ခံစားရတာပါပဲ..
.အဓိကကတော့ကို့ချစ်သူကို
တန်ဖိုးထားနိုင်ဖို့ပဲ.
..(ကြိုက်လွန်းလို့my noteမှာကော်ပီကူး
ထားလိုက်တယ်နော်)
Like or Dislike:
1
0
ထူးထူးဆန်းဆန်းဗျာ။။။
ပိုချစ်မိတဲ့သူ ပို အလေးထားတဲ့သူက ပိုခံစားရတာဖြစ်ပါလိမ့်မယ်။။။
ကျနော့်အမြင်ပေါ့။။။
Like or Dislike:
2
0
ယောက်ျားတွေစိတ်က တက်လွယ် ကျလွယ်လေ..
အဲဒါကြောင့် ပိုပေါက်ကွဲတတ်ကြတာဖြစ်မှာပါ။
သိပ်တော့ ကြာမှာမဟုတ်ပါဘူး
Like or Dislike:
2
0
အချစ်ထက် မေတ္တာက ပိုပြီးငြိမ်းချမ်းတယ်
Like or Dislike:
3
0
ဇင်မွန်ဖြေတာ အရမ်းပြည့်စုံတယ်။ကိုကလက်တွေ.သမားပါ။မိန်းကလေး တယောက်ရဲ့ နှလုံးသားဆိုတာ လျို.၀ှက်ချက်တွေနဲ့ ပြတိုက်တခုလိုပါပဲ။(တမျိုးမထင်နဲ့ ဇင်မွန် ကိုကယောက်ျားလေးပါ)။ယောက်ျားလေးဆိုတာ စိတ်ဆနဒအရမ်းပြင်းပြတယ်။
Like or Dislike:
2
2
i agree with ma Zin Mon, it’s real for me..
Like or Dislike:
0
1
ဟုတ်တယ် ကိုရဲလေး ဘယ်နှစ်ယောက်မြောက်လဲ
အကိုရော ဒီလိုရည်းစားပါးဝဖို့ခံစားခဲ့ရမှာပေါ့နော်
99လား ဒါမှမဟုတ် two only လား
Like or Dislike:
0
0
COOL BREEZE ပြောတာမှန်တယ်
ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ကိုယ့်ချစ်သူကိုတန်ဖိုးထားနိုင်ဖို့…….
Like or Dislike:
0
0
a yan chit taw lal khan sar ya tar par pal
Like or Dislike:
0
0
တခါတလေ မိန်းကလေးတွေလဲ ပိုပြီးစိတ်ထိခိုက်ရတာပဲ၊။
ဘယ်လိုဖြစ်ဖြစ် ချစ်နေတဲ့အချိန်မှာ စွန့်ပစ်ခံရတဲ့သူက နာကျင်ရတာပဲ ။ နှလုံးသားနဲ့ရင်းပြီးချစ်ရတဲ့သူအတွက်တော့ ..ပိုခံစားရတာပေါ့ ။
Like or Dislike:
0
0
ကျွှန်တော်တို.နှစ်ယောက်ဟာအရင်ကအရမ်းချစ်ကျပါတယ် ဒါပေမယ်.အခုအချိန်မှာတော. သူကကျွှန်တော.ကိုစိမ်းနေပါတယ်အဲဒါအတွက်ပါ
Like or Dislike:
0
0
ကျွှန်တော်ထင်တာကတော. ကျွှန်တော်ကိုသူကရည်းစားများတယ်လို. ထင်နေတာလားမသိ
Like or Dislike:
0
0
မိန်းကလေးတွေကပိုပြီးခံစားရတာပါ…မိန်းကလေးဆိုတာပိုပြီးထိခိုက်ခံစားလွယ်တယ်လေ……
Like or Dislike:
0
1
မိန်းကလေးတွေကပိုပြီးခံစားရတာပါ……
Like or Dislike:
0
1
ပါမောက္ခ Robin Simon က သူ့နိုင်ငံသူ့ဒေသကလူငယ်
တွေကိုလေ့လာခဲ့လို့ခုလိုအဖြေထွက်တာနေမှာပါ။မြန်မာ
နိုင်ငံမှာလာလေ့လာရင်အဖြေတစ်မျိုးထွက်ချင်ထွက်မှာ
ပေါ့…အားလုံးလက်ခံတယ်မလား…
Like or Dislike:
1
0
ကျနော်ကတော အဲဒီကိစ္စ အတွက်နဲ့တော ဘာမှမခံစားရဘူးဗျ..ဘာလို့ လဲမသိဘူး..ကျနော်ကိုကျနော်လည်း ဘာဖြစ်နေတယ်မသိတောဘူး…..ဗျာ။
Like or Dislike:
0
1
October to December a tutor home business a film about school girls a card credit holder quilted a rose bosch wi a lg ax380 ringtones a florist lower hutt a margin on mini forex a cdrw data recovery a fairfax surgical center fairfax va a blue rose garland a types of back surgerys a
Like or Dislike:
0
0
September to November a 3 roses joke a aloha beach reosrt hawaii a flowers and wilton manor a travel restrictions of hawaii a blue california cross health insurance quote a rose hill cemetery idaho falls a how plants camr to hawaii a flower beginning with the letter k a law offices credit card companies a home alarms hawaii a crown pacific hawaii a
Like or Dislike:
0
0
September to November a debt management consultants duluthga 30096 a indiana debt consolidation loan a blizzard entertainment credit card fraud a information on post surgical termination a tesco pints diet a forex trading mini account global a debt vacancies on the channel isles a adkins diet loose plan weight a
Like or Dislike:
0
0
September to November a crown imperials reproduce flowers a free nokia ringtones malayalam a whole food diet recipies a flower mound tx school district a loose weight on a celiac diet a pool candles flowers a laws on credit card fraud a flowers by lois columbus indiana a daily forecast forex a black stripe and flowers nail design a rose water theatre holcomb bridge a
Like or Dislike:
1
0