မန္တလေး၊ June 12, 2010
ယနေ့ ညနေပိုင်းက မန္တလေး ဗထူးကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၁) ၌ လက်ရှိ ချန်ပီယံ ရတနာပုံ အသင်းနှင့် ဒုတိယ ရရှိထားသည့် Delta United အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ အကြိတ်အနယ် ဖြစ်ခဲ့ပြီး ရတနာပုံ အသင်းက ၃ ဂိုး- ၂ ဂိုးဖြင့် အနိုင်ရရှိ သွားသည်။
Delta United အသင်းသည် ပွဲချိန် ၁၁ မိနစ်တွင်ပင် ၂ ဂိုးပြတ်ဦးဆောင် နိုင်ခဲ့သော်လည်း အနိုင်ကို မထိန်းသိမ်းနိုင်၍ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ Delta အသင်း အတွက် ပထမဂိုးကို ပွဲချိန် ၄ မိနစ်တွင် မင်းမင်းသူ ကလည်းကောင်း၊ ၁၁ မိနစ်တွင် တင်ဇော်မိုး ကလည်းကောင်း သွင်းယူခဲ့ခြင်း ဖြစ်သည်။
၂ ဂိုးပေးလိုက်ရပြီးနောက် ရတနာပုံ အသင်းသည် ချေပဂိုးရရှိရေး အပြင်းအထန် ဖိကစားခဲ့ပြီး၊ Delta အသင်းက တန်ပြန်တိုက်စစ်ဖြင့် ပြန်လည် ခြိမ်းခြောက် ကစားခဲ့သည်။ ထို့နောက် ပွဲချိန် ၃၀ မိနစ်တွင် ပြစ်ဒဏ်ဘောမှ တဆင့် ကျော်ခိုင်ဝင်းက ပထမ ချေပဂိုးကိုလည်းကောင်း၊ ၇၄မိနစ်တွင် သက်နိုင်က ဒုတိယ ချေပဂိုးကိုလည်းကောင်း ရတနာပုံ အသင်း အတွက် သွင်းယူနိုင်ခဲ့သည်။
မိနစ် ၉၀ ပြည့်သည်အထိ နှစ် ဂိုးစီသရေကျနေပြီး နာကျင် အချိန်ပိုတွင် ရန်ပိုင်က ရတနာပုံ အသင်း အတွက် ပွဲသိမ်း အနိုင်ဂိုးကို သွင်းယူ ခဲ့ရာ၊ Delta အသင်း အနေဖြင့် ပြန်လည် ချေပနိုင်ခြင်း မရှိတော့ဘဲ ၃ ဂိုး – ၂ ဂိုး ဖြင့် ရှုံးနိမ့် ခဲ့ရသည်။
ယခုပွဲ အနိုင်ကြောင့် လက်ရှိချန်ပီယံ ရတနာပုံ အသင်းသည် အမှတ်ပေး ဇယားထိပ်ဆုံးသို့ တက်ရောက် သွားနိုင်ခဲ့ပြီး၊ Delta United အသင်းမှာလည်း ရှုံးနိမ့်မှုကြောင့် အမှတ်ပေး ဇယား၏ အဆင့်(၈) နေရာ အထိ ကျဆင်း သွားပြီး အောက်တွင် အသင်းသစ် ၃ သင်းသာ ရှိတော့ကြောင်း တွေ့ရသည်။
ယခုကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၁) ပြီးဆုံးပါက ပထမအကျော့ပွဲစဉ်များ အားလုံး ပြီးဆုံးပြီ ဖြစ်ရာ ရာသီဝက်ချန်ပီယံ အသင်း ပေါ်ထွက်လာမည် ဖြစ်သည်။ ယခုနှစ် ဘောလုံးရာသီတွင် မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံ အသင်းနှင့် စစ်ကိုင်းတိုင်း ကိုယ်စားပြု ဇေယျာရွှေမြေ အသင်းတို့မှ တသင်း သင်း သည် ရာသီဝက် ချန်ပီယံဖြစ်လာဖွယ် ရှိသည်။
ယမန်နှစ် ဘောလုံးရာသီက ဧရာဝတီတိုင်း ကိုယ်စားပြု Delta United အသင်းသည် ရာသီဝက် ချန်ပီယံ ဖြစ်ခဲ့ဖူးသည်။
Reporter:ဧရာဝတီသား | PatheinCity News


















တော်လိုက်တဲ့ ရတနာပုံ ဘယ်သူတွေဘယ်လိုညစ်ညစ် ချန်ပီယံကိုမယှဉ်နိုင်ပါူဘးကွာ
Like or Dislike:
0
0
သေပါပြှီ…
Like or Dislike:
0
0
ရတနာပုံကိုအမြဲတမ်းအားပေးနေပါတယ်
ဒီနှစ်လည်းချန်ပီယံဖြစ်ပါစေ…..
Like or Dislike:
0
0
ဘောလုံးမကစားခင်..၁၅မီနစ်လောက်အလိုမှာ…ဓါတ်ဆားရည်များများ..အချိန်ကြိုသောက်ထားရင်လုံးဝမမောပဲ..အရမ်းကစားနိုင်ပါတယ်.ဘောလုံးသမားများစမ်းကြည့်စေချင်ပါတယ်…………
Like or Dislike:
1
0
ရတနာပုံကရတနာပုံပဲကွ……………
ဟားဟား……..
Champion Yadanarbon!
Like or Dislike:
0
0
ရတပုံအသင်းနိုင်သွားပြန်ပြီ ဟုတ်လား။ အမြင်ကတ်တယ်။ နောက်ပွဲကျရင် မနိုင်အောင်ကန်ဒါပဲ။
Like or Dislike:
0
0
တော်လိုက်တာ ချန်ပီယံကချန်ပီယံပါပဲ ဘယ်သူမှယှဉ်လို့မရပါဘူး ဖလားသုံးလုံးအိမ်မက်ပြည့်မှာသေချာပါတယ်
Like or Dislike:
0
0