ဒီတစ်ပါတ် မိတ်ဆက်ပေးမယ့် ဒီဇိုင်းကတော့ ရာသီဥတုနဲ့ ကိုက်ညီမယ့် ဒီဇိုင်းမျိုးကို ရွေးချယ်ထားပါတယ်။ မိုးရာသီကို ရောက်လာပြီဖြစ်ပြီး အပြင်ထွက်သည့်အခါမှာ ထီးနဲ့တင်မလုံလောက်နိုင်တော့ဘူးလေ ဘာကြောင့်လဲဆိုတော့ မိုးကရွာပြီဆိုရင် လေပြင်းပါတိုက်တဲ့အတွက်ကြောင့် ကျောင်းတက် ကျောင်းဆင်း၊ ရုံးတက်၊ ရုံးဆင်း၊ မိုးထဲ လေထဲ သွားလာလှုပ်ရှားနေကြရတဲ့ သူတွေအတွက်ကတော့ ထီးအပြင် ခန္ဓာကိုယ်လုံဖို့အတွက်က မိုးကာရှိမှအဆင်ပြေနိုင်မှာလေ၊ ဒါပေမယ့် စမိုင်းတို့ ဆီမှာ မိုးကာဆိုရင် ဒီဇိုင်းဆန်းဆန်းနဲ့ စတိုင်ကျတဲ့ မိုးကာရယ်လို့ သိပ့်မရှိလှဘူး စမိုင်းပဲ ချေးများလို့လားတော့ မသိဘူး၊ ဒါ့ကြောင့် စမိုင်းလည်း ဆိုဒ်ပေါ်မှာ မိုးကာနဲ့ပတ်သက်ပြီး ဒီဇိုင်းလေးတွေရှာရင်းနဲ့ စမိုင်းကြိုက်တဲ့ ဒီဇိုင်းလေးတွေ တွေ့တာနဲ့ ပုသိမ်မြို့တော် ပရိတ်သတ်များအား မျှဝေခံစားစေချင်သည့် စေတနာနဲ့ ဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။



Women’s SunShower™ Raincoat
ဈေးနှုန်းက $64.99-$74.99 အရောင်ကတော့ လိမ္မော်၊ အနက်၊ ဆင်စွယ်၊ နက်ပြာ တို့ဖြစ်ပါတယ်။


Women’s SunShower™ Rain Parka
ဈေးနှုန်းက $64.99-$74.99 အရောင်မှာ လိမ္မော်၊ အနက်၊ ဆင်စွယ်၊ နက်ပြာ တို့ဖြစ်ပါတယ်။


Women’s SunShower™ Swing Raincoat
ဈေးနှုန်းက $79.99 – $89.99 အရောင်ကတော့ ကာကီရောင်၊ အမဲရောင်၊ အပြာရောင်၊ လိမ္မော်ရောင်နဲ့ အနီရောင်တို့ရှိပါတယ်။


Women’s Kelly Rain Parka,
ဈေးနှုန်း $89.99 – $99.99၊ အရောင်မှာ အနီ၊ လိမ္မော်၊ ဆင်စွယ်၊ နက်ပြာ တို့ရှိပါတယ်။
ကဲဒီတစ်ပါတ်တော့ ဒီ Rain Coat လေးတွေနဲ့ ကျေနပ်လိုက်ကြရအောင်နော်၊ စမိုင်းတို့ ဆီမှာလဲ အခုလို စတိုင်ကျစေမယ့် Rain Coat လေးတွေဝတ်ဆင်နိုင်ပြီး ဒီနှစ်မိုးရာသီကို အောင်မြင်မှု များစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ။
SmileFashion | PatheinCity News | Fashion Style


















ဟင်းယျောင်္ကျားလေအ၀တ်တော့မတင်ဘူးမျက်နှာကိုလိုက်တယ်
Like or Dislike:
0
0
မှာလိုရမလားမသိဘူးနော်
မှာလိုရ၇င်မှာပေးပါလား
Like or Dislike:
0
0
အော်ကျန်သေးတယ်အကြွေးနော်
Like or Dislike:
0
0
မ၀ယ်နိုင်ဘူးဗျို့ ဈေးကြီးတယ် :P
Like or Dislike:
0
0