တောင်ကိုရီးယား နိုင်ငံတွင် အမျိုးသမီး သရုပ်ဆောင်များ၏ ၆၀ ရာခိုင်နှုန်းက ၎င်းတို့၏ အောင်မြင်မှု လမ်းကြောင်းအတွက် လိင်မှုဆိုင်ရာ ဖိအားပေး စေခိုင်ခံရမှုများရှိကြောင်း လေ့လာစစ်ဆေးမှု တစ်ခုအရ သိရှိပြီးနောက် သရုပ်ဆောင် မင်းသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ကာကွယ်နိုင်မည့် ဥပဒေတရပ် ပြဋ္ဌန်းမည်ဟု တောင်ကိုရီးယား အစိုးရက တရားဝင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ဥပဒေကို ယခုနှစ်အတွင်း အကောင်အထည်ဖော်ရန် ကြိုးပမ်းနေပြီး အမျိုးသမီး သရုပ်ဆောင်များ၏ အခွင့်ရေးကို အကာအကွယ် ပေးသွားမည် ဖြစ်ကြောင်း၊ ဖျော်ဖြေရေးလုပ်ငန်း အေဂျင်စီ (entertainment agencies) များ စတင်ထူတောင်ခြင်းမှစ၍ ၎င်းဥပဒေပါ စည်းမျဉ်း စည်းကမ်းများနှင့် ထိမ်းချုပ်သွားမည်ဖြစ်ပြီး ဥပဒေအရ စနစ်တကျ မှတ်ပုံတင်ထားခြင်း မရှိသော အေဂျင်စီများကိုလည်း ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောကြားပါသည်။
အမျိုးသားလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် (National Human Rights Commission) အနေဖြင့် ပြီးခဲသော နှစ်အတွင်းက သရုပ်ဆောင် မင်းသမီး ၁၁၁ ဦး နှင့် တက်သစ်စ အမျိုးသမီး သရုပ်ဆောင် ၂၄၀ တို့အား လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် စစ်တမ်းတစ်ဆောင် ထုတ်ပြန်ခဲ့ရာ ၎င်းတို့အနက် ၆၀ ရာခိုင်နှုန်းက ၎င်းတို့၏ အလုပ်အကိုင်နှင့် အောင်မြင်မှုအပေါ် သြဇာအာဏာ ရှိသည့် လူများ၏ လိင်မှုဆိုင်ရာ အမြတ်ထုတ်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြခဲ့ကြသည်။
ထိုကဲ့သို့သော လိင်ပိုင်းဆိုင်ရာ ကမ်းလှမ်းသူများသည် ချမ်းသားသော စီးပွားရေးသမားများ၊ ရုပ်/သံအစီအစဉ် တင်ဆက်သူများ ၊ ရုပ်ရှင်ထုတ်လုပ်သူများ နှင့် ၎င်းတို့နှင့် ကျွမ်းဝင်သော နိုင်ငံရေးသမားများ ၊ ဖျော်ဖြေရေး အေဂျင်စီများမှ ရာထူးကြီးပုဂ္ဂိုလ်များ နှင့် အကျိုးဆောင် ပွဲစားများ ဖြစ်ကြသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။
အသေးစိတ် မေးခွန်းများမှ ရရှိလာသော အဖြေများတွင် ၂၂ ရာခိုင်နှုန်းမှာ ၎င်းတို့၏ အေဂျင့်များမှ လိင်မှုဆိုင်ရာ အခွင့်အရေးပေးရန် တောင်းဆိုမှု သို့မဟုတ် အတင်းအကျပ် စေခိုင်းမှုများနှင့် ကြုံတွေ့ခဲ့ရပြီး ၆ ရာခိုင်နှုန်းမှာ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန် စော်ကားခံခဲ့ရကြောင်း သိရသည်။ စစ်တမ်းတွင် ဖော်ပြချက်အရ ၄၅ ရာခိုင်နှုန်းမှာ သြဇာတိက္ကမ ရှိသော ပုဂ္ဂိုလ်များနှင့် အရက်အတူသောက် ဧည့်ခံရန် စေခိုင်ခံခဲ့ရပြီး ၃၂ ရာခိုင်းနှုန်းမှာ မလိုလားအပ်သော ထိတွေ့ကိုင်တွယ်မှု သို့မဟုတ် လိင်မှုဆိုင်ရာ အနှောက်အယှက် ပေးသည့်အထိ ကြုံတွေ့ခဲ့ကြောင်း သိရသည်။ ထက်ဝက်ကျော်ခန့်မှာ “sponsorship” ဟုခေါ်ဆိုသော လူချမ်းသာများဆီမှ ငွေကြေးဆိုင်ရာ အထောက်အပံ့ ရယူကာ ပုံမှန် လိင်မှုဆိုင်ရာ ပါတ်သက်ဆက်ဆံမှု ပြုလုပ်ရန် ကမ်းလှမ်းခံရသည်။
ထိုအစီအရင်ခံစာတွင် အသက် ၂၀ အရွယ် အမည်မဖော်လိုသော သရုပ်ဆောင်မင်းသမီး တစ်ဦးက ၎င်း၏ အေဂျင်စီ အကြီးအကဲနှင့် ပါတ်သက်၍ ကြုံတွေ့ခဲ့သော အတွေ့အကြုံသည် အိပ်မက်ဆိုးကြီးသဖွယ် ယခုတိုင် ခြောက်လှန့်နေဆဲ ဖြစ်ကြောင်း ဖွင့်ဟထားသည့် အကြောင်းအရာလည်း ပါဝင်သည်။ မင်းသမီးက ပြောကြားသည်မှာ သူမ၏ Boss မှ သူမအားဈေးကြီးသော အဝတ်အစားနှင့် အသုံးအဆောင်များ ဝယ်ပေးပြီးနောက် ဟိုတယ်ခန်းအတွင်းသို့ တရွတ်တိုက် ဆွဲခေါ်သွား ခံခဲ့ရကြောင်း ၊ သူမကိုလည်း ဒီအသိုင်းအဝိုင်းမှာ အောင်မြင်ချင်တယ်ဆိုလျင် ယောက်ျာတွေ အကြိုက်ကို ဒီထက်ပိုပြီး သိသင့်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
အမျိုးသားလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် (National Human Rights Commission) က ပြောကြားရာတွင် ဤစစ်တမ်းကို လွန်းခဲ့သောနှစ်က သရုပ်ဆောင်မင်းသမီး တစ်ဦး မိမိကိုယ်ကို သတ်သေခဲ့သောကြောင့် လူထုအတွင်း အသိအမြင် ပိုမိုမြှင့်တင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

လိင်ဆက်ဆံမှုပြုလုပ်ရန် အတင်းအကြပ် စေခိုင်းခံခဲ့ရပြီးနောက် မိမိကိုယ်ကို သတ်သေခဲ့သည့် မင်းသမီး ဂျန်ဂျေယွန်
ပြီးခဲ့သောနှစ်က မင်းသမီး ဂျန်ဂျေယွန် သည် သူမ၏ အောင်မြင်မှုအတွက် သြဇာတိက္ကမရှိသော ပုဂ္ဂိုလ်တစ်ဦးနှင့် လိင်ဆက်ဆံမှုပြုလုပ်ရန် အတင်းအကြပ် စေခိုင်းခံခဲ့ရပြီးနောက် မိမိကိုယ်ကို သတ်သေခဲ့သည်။
PatheinCity News | Source: YahooNews


















ဖြစ်မှာပေါ့နာမည်ကြီးလာ၇င်အနေအထိုင်မှမတက်တာ
မြန်မာပြည်ကမင်းသမီးတွေလဲအဲလိုပဲဘာမှမထူးဘူးအတူတူတွေကြီးပဲ(ဒါပေမဲ့ချွန်းချက်သန့်သန့်လေးတွေလဲ၇ှိပါတယ်)ဟီးဟီး
Like or Dislike:
2
0
ဥပဒေထုတ်ထုတ်တော့မယ်ဆိုတော့ကောင်းတာပေါ့
မြန်မာပြည်မှာလဲဒီလိုမျိုးဥပဒေတွေထုတ်ရမယ်.
ဒါမှနာမည်ကျော်ကြားလာတဲ့ မင်းသမီးတွေနှင့် အီစလီဂွီစလီလုပ်ချင်သူတွေကို
အရေးယူနိုင်မှာ
Like or Dislike:
0
0
It needs not only for Korea actress but also for all of the lady.
Like or Dislike:
2
0
အင်း .. အခုခေတ်ကလည်း.. မိန်းကလေးတော်တော်များများကလည်း နာမည်ကြီးဖို့.တစ်ခုတည်းအတွက် မဟုတ်ပါဘူး.. ပြည့်ပြည့်စုံစုံ ပျော်ပျော်ရွှင်ရွှင်နေဖို့.. ပိုက်ဆံရှိတဲ့..အာဏာရှိတဲ့ လူကို ချည်းကပ်နေကြတာပဲလေ.. နာမည်ကြီးဖို့ဆိုတာ နောက်မှပါ..လူတိုင်းကို ပြောတာတော့မဟုတ်ပါဘူး..
Like or Dislike:
1
0
မြန်မာပြည်မှာလည်းဒီလိုသတင်းတွေကြားနေရတယ်။ဖြစ်နိုင်ရင်မြန်မာပြည်မှာလည်းဒီလိုအကျိုးထုတ်မူတွေအတွက်တင်းကျပ်တယ်ဥပဒေပြဌန်းသင့်ပါတယ်။
Like or Dislike:
1
0
မြန်မာတွေအနေနဲ့တော့ မြန့်မာ့ရိုးရာနဲ့မကိုက်ညီမှုဆိုတဲ့ ဥပဒေ၊
ဘာသာတရားတွေ မိဘဂုဏ်တွေ၊ကထိန်းချုပ်နေလို့ပါ….
ကျွန်တော် တလောက 39 လမ်း အောက်ဘလောက်မှာ မိန်းကလေး
တစ်ယောက်တွေ့တာ် 14/15/16 ၀န်းကျင်လောက်…
စကပ်ကဘယ်လောက်တိုလဲဆိုရင် ကြိုးသိုင်းဖိနပ်ငုံပြီးစီးတော့ …..
အကုန်ပေါ် ယောက်ကျားလေးတောင်ရှက်ရတဲ့အဖြစ်…
ခွင့်ပြုတဲ့မိဘတွေ…လက်လန်တယ်
ဒီကိစမျိုးတွေရှိနေရင်တော့ လိင်အကြမ်းဖက်မှုဆိုတာ ဘယ်နိုင်ငံမှာမဆို ဖြစ်လာနိုင်ပါတယ်………
သမီးလေးတွေ…….ဂရုစိုက်ကြပါ…………
Like or Dislike:
1
0