• ပေါ့ပေါ့ပါးပါး ကိုင်ဆောင် နိုင်မယ့် အိတ်ဒီဇိုင်း ဖက်ရှင်များ

    မြို့တော်ပုသိမ် ပရိသတ်ကြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။

    ပြီးခဲ့တဲ့ တပါတ်က မြို့တော်ပုသိမ်ရဲ့ ဖက်ရှင်စတိုင် ကဏ္ဍမှာ ကိုညီလင်းက အမျိုးသားများအတွက် 2010 ဦးထုတ်ဆောင်း ဖက်ရှင်ကို ဖော်ပြခဲ့ပါတယ်။ အခုတစ်ပါတ်တော့ Smile က မမများ ညီမလေးများ အကြိုက်တွေ့မယ့် အိတ်ဒီဇိုင်းလေးတွေ အမျိုးအမျိုးကို တတ်နိုင်သမျှလေး စုဆောင်းထားပါတယ်။

    ကိုညီလင်းပြောသလိုပါပဲ ယောက်ျားလေးတွေက အပြင်သွားရင် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပဲ သွားချင်ကြသတဲ့ ထီးလေးတစ်ချောင်းတောင် မသယ်ချင်ကြဘူးဆိုပဲ။ Smile တို့ မိန်းကလေးတွေ ကျတော့ အဲလိုမဟုတ်ပြန်ဘူး။ အပြင်သွားပြီဆို အနည်းဆုံး ကိုယ်ကိုင်နေကျ အိတ်ကလေးတော့ သယ်လိုက်ရမှ။ အိပ်ထဲမှာ လိုအပ်တဲ့ အလှပြင် ပစ္စည်းလေးတွေ၊ လက်ကိုင်ဖုန်း နဲ့ ဖတ်လက်စ စာအုပ်လေးလည်းပါမယ်၊ ရေဖို့ မှတ်မို့ မှတ်စုအသေးလေးနဲ့ ဘောပင် တို့ကစလို့ တစ်ရှုးတို့ ချိတ်တို့ အထိ တိုတိုထွာထွာ ပစ္စည်းလေးတွေ ထည့်ပြီး သယ်တတ်ကြတာ မိန်းကလေး သဘာဝပါ။ Smile ဆို ငယ်ငယ်ကတည်းက အပြင်သွားပြီဆို ကိုယ်ကိုင်နေကျ အိတ်ကလေး မပါရင် ဟာတိဟာတာနဲ့ တစ်ခုခုပဲ လိုနေသလိုလို၊ စိတ်ပဲမလုံသလိုလိုနဲ့ ဖြစ်ရော။

    ကိုယ်နဲ့ လိုက်ဖက်တဲ့ အိတ်ကလေးတွေက လှလှပပ ရွေးချယ်ကိုင်တွယ်တတ်ဖို့က Smile တို့ မိန်းကလေးတွေအတွက် အရေးကြီးပါတယ်။ ယောက်ျားလေး တစ်ယောက်က အိပ်ပါးပါးလေးပဲကိုင်ကိုင် အိပ်မပါလို့ ပိုက်ဆံကို ခေါက်ပြီး အင်္ကျီအိတ်တွေ ဘောင်းဘီအိတ်တွေထဲပဲ ထည့်ထည့် ပြဿနာ မဟုတ်ပေမယ့် Smile တို့ အင်္ကျီတွေကျတော့ အဲလိုထည့်ရအောင် အိတ်တွေက ပါတာလည်း မဟုတ်ပြန် (ငယ်ငယ်က Smile ဖွားဖွားဝတ်တဲ့ အင်္ကျီမျိုးဆိုလည်း တစ်မျိုးပေါ့နော်)။ အင်္ကျီထဲဖြစ်သလို ခေါက်ထည့်ဖို့ အဆင်မပြေသလို ကိုယ်က လှလှပပဝတ်စားသွားပြီး ကြုံရာအိတ်ကြီး ဆွဲသွားလို့လည်း မတင့်တယ်ပြန်ဘူး။ အသက်အရွယ် နဲ့ ဝတ်တဲ့ အဝတ်အစား သွားမယ့်နေရာကို ကြည့်ပြီး လိုက်ဖက်တဲ့ အိတ်အမျိုးအစားကို ရွေးတတ်ဖို့ရော လိုသေးပြန်ရော။

    အခုတပါတ်တော့ နေရာမရွေး ရာသီမရွေး ကိုင်ဆောင်အသုံးပြုနိုင်မည့် အိတ်ဒီဇိုင်းလေးတွေနဲ့ မိတ်ဆက်ပါ့မယ်။ အထူးသဖြင့် ညီမငယ်လေးတွေအတွက် အဆင်ပြေမယ့် ဒီဇိုင်းမျိုးတွေပါ။ ပေါ့ပေါ့ပါးပါး စတိုင်လေးတွေပေါ့။ ဈေးဝယ်ထွက်တဲ့ အခါမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ကစားကွင်းသွားတဲ့ အခါမှာပဲဖြစ်ဖြစ်၊ ခရီးထွက်တဲ့ အခါမှာပဲဖြစ်ဖြစ်၊ ကျောင်းတက်တဲ့ အခါမှာပဲဖြစ်ဖြစ်ပေါ့၊ နေရာမရွေး ရာသီမရွေး ကိုင်ဆောင်အသုံးပြုနိုင်မယ့် ဒီဇိုင်းလေးတွေ စုဆောင်းထားပါတယ်။ ကြည့်လိုက်ကြရအောင်နော်။

    Let’s Fly:Color-Block Handbag

    ပထမဦးဆုံး ဒီဇိုင်းလေးကတော့ လက်ကိုင်အိတ်အဖြစ်လည်း သုံးလို့ရ၊ ဘေးလွယ်အိတ် အတိုအရှည် နှစ်မျိုးစလုံးအဖြစ် အသုံးပြုနိုင်ပြီး၊ အရောင်မှာ အနီ၊ အပြာ၊ ခရမ်း၊ စိမ်းပြာ၊ အမည်း တို့ကို အဖြူနှင့် လေးထောင့်ကွက် အရောင်စပ်ထားပြီး လူငယ်ဆန်ပြီး ချစ်စရာကောင်းသည့် ဒီဇိုင်းလေးပါ။ တရုတ်နိုင်ငံထုပ် Let’s Fly Brand ဖြစ်ပြီး၊ Color-Block Handbag အမည်ရှိပြီး၊ ဈေးနှုန်းက US$30.00 ဖြစ်ပါတယ်။

    Hebe:Cross Bag
    ဘေးလွယ်လို့လည်းရ၊ စလွယ်သိုင်းပြီးပဲလွယ်လွယ် ဒီဇိုင်းနှစ်မျိုးနဲ့ ရှိုးထုပ်နိုင်တဲ့ Cross Bag လို့အမည်ပေးထားတဲ့ Taiwan ထုတ် Hebe Brand ကလဲ ညီမငယ်တို့အတွက် လိုက်ဖက်မယ့် ဒီဇိုင်းလို့ထင်ပါတယ်။ အဖြူရောင်တစ်မျိုးသာထုတ်လုပ်ပြီး ဈေးနှုန်းမှာ US$22.00 ဖြစ်ပါတယ်။


    Smoothie: Zip-Pocket Drawstring Backpack
    ဒီ ဒီဇိုင်းလေးကလဲ ရိုးရိုးလေးနဲ့ ကျောပေါ်မှာ တင်လွယ်တဲ့အခါ တော်တော်ပေါ်လွင်မယ့် ဒီဇိုင်းမျိုးပါ။ ပန်းခရမ်းရောင်၊ ကော်ဖီရောင်နဲ့ အနက်ရောင် သုံးမျိုးလာပြီး Smoothie Brand ပဲဖြစ်ပါတယ်။ ဇစ်ဆွဲ ကျောပိုးအိတ်လို့ အမည်ပေးထားပြီး US$25.00 ရှိပါသည်။

    Fashion Lady:Convertible Plaid Backpack
    အခု ဒီဇိုင်းလေးကတော့ နာမည်နဲ့လိုက်အောင် ညီမငယ်လေးတွေ အတွက် ဖက်ရှင်အမျိုးမျိုး ထုပ်နိုင်တဲ့ Fashion Lady ဒီဇိုင်းလေး ဖြစ်ပါတယ်။ တရုတ်နိုင်ငံထုပ် ဒီဇိုင်းဖြစ်ပြီး US$28.00 ပါ။


    ကဲ…ဒီတစ်ပတ်အတွက် ဖက်ရှင်ကဏ္ဍကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ရအောင်နော်၊ နောက်အပါတ်တွေမှာလဲ အမျိုးသမီးများအတွက် အသက်အ၇ွယ်အလိုက် လိုက်ဖက်ညီတဲ့ ဖက်ရှင် ဒီဇိုင်လေးတွေကို ဆုဆောင်း တင်ဆက်သွားမှာပါ။
    မြို့တော်ပုသိမ် ပရိသတ်တွေ အားလုံး စတိုင်ကျ လှပ နိုင်ကြပါစေ။

    SmileFashion | PatheinCity News | Fashion Style

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay

    Related Posts

    This entry was posted on Wednesday, May 26th, 2010 at 4:50 pm and is filed under ဖက်ရှင်စတိုင်. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
  • 8 Comments

    Take a look at some of the responses we've had to this article.
    ယခုဖော်ပြထားသော အကြောင်းအရာနှင့် ပါတ်သက်၍ စာဖတ်သူများ၏ သဘောထား အမြင်များကို အောက်တွင် ကြည့်ရှု နိုင်ပါသည်။

    1. အိတ်ကလေးတွေ လှလိုက်တာ..
      တင်ပေးတာ ကျေးဇူး။

      Like or Dislike: Thumb up 0 Thumb down 0

    2. အိတ်လေးတွေ တင်ပြပေးတဲ့အတွက်ကျေးဇူးပါရှင်။ အရမ်းသဘောကျဖို့ကောင်းတယ်။ ဒီဇိုင်းမျိုးစုံကိုလည်း ထပ်မံတင်ပေးပါဦး။

      Like or Dislike: Thumb up 0 Thumb down 0

    3. jojar
      May 28th
      Reply

      အဲအိပ်တွေအားလုံးက ကော်ပီးဇိုင်တွေဖြစ်သညါအတွက် လှပါသော်လဲ။ ကော်ပီကူးလုပ်သည့်အတွက် တရုပ်သည် ချက်ဖိုကောင်ပါသည် ။ တရုပ်သူခိုး

      Like or Dislike: Thumb up 0 Thumb down 0

    4. chomayko
      May 28th
      Reply

      cute.

      Like or Dislike: Thumb up 0 Thumb down 0

    5. jasmine
      May 29th
      Reply

      ချစ်စရာလေးတွေ အားလုံးက သဘောကျစရာကောင်းတယ်
      ဒီအိတ်လေးတွေကို ပုသိမ်မှာဘဲရနိုင်တာလား

      Like or Dislike: Thumb up 0 Thumb down 0

    6. kit kit
      May 31st
      Reply

      အိတ်ကလေးတွေကချစ်စရာလေးတွေ။

      Like or Dislike: Thumb up 0 Thumb down 0

    7. MA MA
      Jun 19th
      Reply

      where can we buy all these bags?????

      Like or Dislike: Thumb up 0 Thumb down 0

    8. phyo phyo
      Jul 11th
      Reply

      အိတ်လေးတွေက ချစ်စရာလေး
      ဘယ်မှာဝယ်လို့ရမှာလဲ
      ပြောပြပေးပါ

      Like or Dislike: Thumb up 0 Thumb down 0

  • Leave a Reply

    Let us know what you thought.
    ဤ အကြောင်းအရာနှင့် ပါတ်သက်၍ လူကြီးမင်း၏ သဘောထား အမြင်ကိုလည်း ရေးသားစေလိုပါသည်။

  • Name (required):

    Email (required):

    Website:

    Message: