ရာသီဥတု ဆိုးရွားမှုကြောင့် ကိုရီးယား စစ်သင်္ဘော ရှာဖွေရေး လုပ်ငန်းများ ရပ်တန့်
Wednesday, 31 March 2010
ရာသီဥတု အခြေအနေ ဆိုးဝါးမှုကြောင့် ရှာဖွေရေး အဖွဲ့မှ ရေငုပ်သမား တစ်ဦး အသက် ဆုံးရှံးပြီးနောက် မြောက်ကိုရီးယား နယ်စပ်ရှိ Baengnyeong ကျွန်း အနီးတွင် ပြီးခဲ့သော သောကြာနေ့က နစ်မြုပ်သွားသော တောင်ကိုရီးယား ရေတပ် သင်္ဘောအား ရှာဖွေသည့် လုပ်ငန်းစဉ်များကို ခေတ္တ ရပ်နားထားသည် ဟု သိရသည်။
ကယ်ဆယ်ရေး လုပ်ငန်းခွင်မှာ ပင်လယ်ရေလှိုင်းက ၂ မီတာလောက် မြင့်ကြောင်း ၊ ယင်းအခြေအနေမျိုးမှာ သင်္ဘောပျက်နား ရောက်နိုင်ဖို့ ခက်ခဲသောကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ယာယီ ရပ်နားထားရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ Yonhap news agency သို့ ပြောကြားပါသည်။

သင်္ဘောပျက် တည်ရှိရာ နေရာ
သင်္ဘောပျက်နား ရောက်ရန် ကြိုးစားသော ရေငုပ်သမားများထဲမှ တစ်ဦး ရေအောက်တွင် အဆက်အသွယ် ပြတ်တောက် ကာ ပျောက်ဆုံးသွားပြီး အခြား နှစ်ဦးကိုလည်း ဆေးရုံ တင်ထားရကြောင်း ၊ ကယ်ဆယ်ရေး လုပ်သားတွေ အားလုံး ဆိုးဝါး ကြမ်းတမ်းတဲ့ အခြေအနေမှာ အလုပ်လုပ် နေရကြောင်း ၊ ၎င်းတို့၏ ရည်ရွယ်ချက်သည် သင်္ဘောပျက် အတွင်း သို့ဝင်၍ အသက်ရှင် ကျန်သေးသူကို ရှာဖွေရန် ဖြစ်ကြောင်း သို့သော် လတ်တလော အခြေအနေတွင် ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန် အလွန် ခက်ခဲနေကြောင်း ရေတပ်မှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားပါသည်။

နစ်မြုပ်သွားသော Cheonan ရေတပ်သင်္ဘော
ပြီးခဲ့သော သတင်းပါတ် သောကြာနေက နှစ်နိုင်ငံနယ်နိမိတ်အနီး ပေါက်ကွဲမှုတစ်ခုကြောင့် နစ်မြုပ်ခဲ့သော တောင်ကိုရီးယား ရေတပ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား ရေမြုတ်မိုင်းကြောင့် ဖြစ်သည်ဟုသိရသည်။ တန်ချိန် ၁၂၀၀ ရှိသော Cheonan ရေတပ်သင်္ဘော နှစ်မြုပ်မှုတွင် သင်္ဘောသာ ၅၈ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး သင်္ဘောသား ၄၆ ဦး ပျောက်ဆုံးနေဆဲဖြစ်သည် ဟုလည်း သိရသည်။
Source : BBC News




























